Outside The House
ဒီတစ်ခါ အိမ်အပြင်ဘက်မှာရှိ တဲ့ structure လေးတွေအကြောင်းမျှဝေပေးချင်ပါတယ်။
Balcony = လသာဆောင်ကို ခေါ်ခြင်းဖြစ်ပါတယ်။ ဒီမှာတော့ ‘ဝရန်တာ’ လို့ အသိများတဲ့ အိမ်အပေါ်ဘက်ကနေ အပြင်ကို ထွက်နေတဲ့ နေရာလေးကို ခေါ်ခြင်း ဖြစ်ပါတယ်။ ဝရန်တာ (အင်္ဂလိပ်လို Varenda) ဆိုတာ မြေညီထပ်မှာပဲ ရှိပါတယ်။
Veranda = မြေညီထပ် အခန်းရဲ့ အပြင်မှာရှိတဲ့ လက်ရန်းပါတဲ့ ကွက်လပ်နေရာလေးဖြစ်ပါတယ်။ တစ်ချို့အိမ်တွေမှာတော့ ‘veranda’ ကို အမိုး မိုးထားတတ်ပြီး အပန်း ဖြေ တဲ့ နေရာ၊ ကော်ဖီသောက်တဲ့ နေရာ အဖြစ်ထားရှိပါတယ်။ မြန်မာနိုင်ငံက ကမ်းခြေဟိုတယ်ဘန်ဂလိုတွေမှာဆို Veranda တွေ့ရတတ်ပါတယ်။
Garage = ကား ဂိုထောင်ဖြစ်ပါတယ်။ ‘carport’ လို့လည်းခေါ်ပါတယ်။ မြန်မာကျောင်းသားအတော်များများ အသံထွက် မှားတတ်ပါတယ်။ American နဲ့ British အသံထွက်လည်း မတူတာမို့ အသံထွက်အမှန်ကို အောက်ပါ link မှာ နားထောင်နိုင်ပါတယ်။https://www.youtube.com/watch?v=Vu0vqOva5vM
Chimney = မီးခိုးခေါင်းတိုင်ကိုခေါ်ခြင်းဖြစ်ပါတယ်။ အိမ် တွေမှာရှိတဲ့ မီးခိုးခေါင်းတိုင်ကို Chimney လို့ ခေါ်ပြီး စက်ရုံတွေ မှာရှိတဲ့ မီးခိုးခေါင်းတိုင် အကြီးတွေ ကိုတော့ chimney stack လို့ခေါ်ပါတယ်။
Gutters = မိုးရာသီ တွေမှာ မရှိမဖြစ် တဲ့ ရေတံလျောက် ကို ခေါ်ခြင်းဖြစ်ပါတယ်။
Drainpipe = ရေတံလျောက်နဲ့ဆက်ထားတဲ့ ရေဆင်းပိုက် ကို ပြောခြင်းဖြစ်ပါတယ်။ ‘downspout’ လို့လည်းခေါ်လို့ ရပါတယ်။
Front Door= အိမ်ထဲကို ဝင်တဲ့ အရှေ့ တံခါးပေါက်ဖြစ်ပါတယ်။ အနောက် တံခါးပေါက် ကို တော့ ‘backdoor’ လို့ခေါ်ပါတယ်။
Lawn = ခြံဝန်းထဲ မှာ စိုက်ထားတဲ့ အလှမြက်ခင်း ပြင်ကိုခေါ်တာဖြစ်ပါတယ်။ ပန်းခြံတွေထဲက မြက်ခင်းပြင် ကိုလည်း lawn လို့ ပဲခေါ်ပါတယ်။