Living Room

Living Room

အခုတစ်ပတ်တော့ ဧည့်ခန်းလေးထဲမှာ ထားလေ့ရှိတဲ့ ပစ္စည်းလေး တွေကို ကြည့်ကြရအောင်။ ဒီစကားလုံးလေးတွေကမြင်တွေ့နေကျ  ဖြစ်လို့ မှတ်မိ လွယ်မှာသေချာပါတယ်။

Armchair= လက်တင်ပါတဲ့တစ်ယောက်ထိုင်ခုံကို ခေါ်ခြင်းဖြစ်ပါတယ်။ များသောအားဖြင့် သက်တောင့်သက်သာဖြစ်အောင် ကူရှင် ပါတတ်ပေမယ့် သစ်သားတစ်ယောက်ထိုင်ခုံမှာ လက်တင်ပါရင်လည်း armchair လို့ခေါ်လို့ရပါတယ်။

Sofa= တစ်ယောက်ထိုင်ခုံကို armchair လို့ခေါ်ပေမယ့် နှစ်ယောက်ထိုင် (သို့) သုံးယောက်ထိုင်ခုံအရှည်ကိုတော့ sofa လို့ခေါ်ပါတယ်။ sofa ဆိုတဲ့ အသုံးကတော့ တော်တော် များများ ရင်းနှီးပြီးသား ဖြစ်မှာပါ။ settee/ couch လို့လည်းခေါ်လို့ရပါတယ်။

End table = ပုံမှာ ပြထားတဲ့ အတိုင်း sofa ဘေးမှာထားတဲ့ စားပွဲခုံ အသေးကိုခေါ်ခြင်းဖြစ်ပါတယ်။

Coffee table = sofa တွေရဲ့အရှေ့မှာထားပြီး end table ထက်နိမ့် တဲ့ စားပွဲ အသေးကို ခေါ်ခြင်းဖြစ်ပါတယ်။

TV Stand = TV စင်ကိုခေါ်ခြင်း ဖြစ်ပါတယ်။

Chandelier= မီးဆိုင်းဖြစ်ပါတယ်။ အသံထွက်ကို အောက်ပါ link မှာ နားထောင်လို့ ရပါတယ်။https://www.youtube.com/watch?v=6aXUz0DIeUE

Curtain = ခန်းစည်းလိုက်ကာ ကိုခေါ်ခြင်း ဖြစ်ပါတယ်။

Carpet = ကော်ဇောကိုခေါ်ခြင်း ဖြစ်ပါတယ်။ အခန်း အပြည့်ခင်းထားတဲ့ ကောဇော ခင်းကိုခေါ်ခြင်းဖြစ်ပါတယ်။

Rug = အခန်း အပြည့်မဟုတ်ဘဲ လိုအပ်တဲ့နေရာလေးဘဲ ခင်းလို့ ရတဲ့ လျှော်ဖွတ်ရလွယ်ကူတဲ့ ကြမ်းခင်းအသေးကိုတော့ rug လို့ ခေါ်ပါတယ်။

Share on Social Media