Inside the house
ဒီတစ်ပတ်မှာတော့ အိမ်ထဲက အခန်းလေးတွေ ရဲ့ အခေါ်ဝေါ်လေးတွေကို မျှဝေပါရစေ။
Attic = အိမ်ထပ်ခိုးမှာ ရှိတဲ့ စတိုခန်းကို ခေါ်ခြင်းဖြစ်ပါတယ်။ ‘loft’ လို့ လည်းခေါ်လို့ရပါတယ်။
Shrine = ဘုရားခန်း။ (ရှရိုင်း လို့ အသံထွက်ပါတယ်။)Living Room = ဧည့်ခန်း ကို ခေါ်ခြင်းဖြစ်ပါတယ်။ ‘sitting room’ လို့လည်း လူသိများပါတယ်။ ‘parlour’ ဆိုတာကလည်း ဧည့်ခန်း ကို ခေါ်ခြင်းဖြစ်ပေမယ့် ရှေးကျတဲ့ အသုံးဖြစ်ပါတယ်။
Bedroom = အိပ်ခန်း
Study (room)= စာကြည့်ခန်း/ အလုပ်ခန်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ Study လို့လည်း ပြောသလို study room လို့လည်း ပြောလို့ရပါတယ်။
Kitchen =မီးဖိုချောင်ကိုခေါ်ခြင်းဖြစ်ပါတယ်။ ‘kitchen’ ကို ပဲ ထမင်းစားခန်းတွဲသုံးရင်တော့ ‘kitchen-diner’ လို့ခေါ်ပါတယ်။
Bathroom = ရေချိုးခန်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ American English မှာတော့ ‘bathroom’ လို့ပြောရင် သန့်စင်ခန်းကိုပါ ဆိုလိုခြင်းဖြစ်ပါတယ်။ eg. I really need to go to the bathroom. (=use a toilet)
Basement = မြေအောက်ခန်းကိုခေါ်ခြင်းဖြစ်ပါတယ်။ ခေါင်မြင့်မြေအောက်ခန်း ကို ‘basement’ လို့ခေါ်ခြင်းဖြစ်ပြီး ကားပါကင်အနေနဲ့ရော၊ စတိုခန်းအနေနဲ့ရောအသုံးပြုကြပါတယ်။ ‘basement’ ထက်ခေါင်နိမ့်ပြီး ပစ္စည်းသိုလှောင်ဖို့ (အထူးသဖြင့် ဝိုင်၊ ကျောက်မီးသွေး) အဓိက သုံးတဲ့ မြေအောက်ခန်းကိုတော့ ‘cellar’ လို့ခေါ်ပါတယ်။
Dining room = ထမင်းစားခန်းကို ခေါ်ခြင်းဖြစ်ပါတယ်။