Bedroom

Bedroom

ဒီတစ်ခါတော့ အိပ်ခန်းထဲကပစ္စည်းလေးတွေကို လေ့လာကြည့်ကြရအောင်။

Pillow= ခေါင်းအုံးကိုခေါ်ခြင်းဖြစ်ပါတယ်။

Sheet= အိပ်ရာခင်းဖြစ်ပါတယ်။

Blanket= စောင်ကိုခေါ်တာပဲ ဖြစ်ပါတယ်။

Dutch Wife Pillow= ခွခေါင်းအုံးကိုခေါ်ခြင်းဖြစ်ပါတယ်။ Bolster လို့လည်းအခေါ်များပါတယ်။

Chest of Drawers= အဝတ်ထည့်ဖို့အတွက်သုံးတဲ့ အံဆွဲတစ်တွဲလုံးကို ခေါ်တာပဲ ဖြစ်ပါတယ်။ Chest of drawers က British English ဖြစ်ပြီး American English မှာတော့ dresser လို့ခေါ်ပါတယ်။

Dressing Table=မှန်တင်ခုံ ဖြစ်ပါတယ်။

Stool= ခွေးခြေခုံ ကိုခေါ်တာပဲ ဖြစ်ပါတယ်။

Wardrobe =အဝတ်ဗီရို ကိုခေါ်ခြင်းဖြစ်ပါတယ်။ wardrobe က British English ဖြစ်ပြီး American English မှာတော့ closet လို့ခေါ်ပါတယ်။ Closet ကတော့ နံရံကပ်ထားတဲ့ ကြမ်းခင်းကနေ ceiling အထိမြင့်တဲ့အဝတ်ဗီရိုကို ရည်ညွှန်းခြင်း လည်းဖြစ်ပါတယ်။

Bookshelf = စာအုပ်စင်ကိုခေါ်ခြင်းဖြစ်ပြီး bookcase လို့လည်းခေါ်လို့ရပါတယ်။

Nightstand=အိပ်ရာဘေးမှာထားတဲ့ စားပွဲပုလေးဖြစ်ပါတယ်။ Nightstand က American English ဖြစ်ပြီး night table (သို့) bedside table လို့လည်း အလွယ်ခေါ်လို့ရပါတယ်။

Study Desk= စာကြည့်စားပွဲ ကိုပြောတာဖြစ်ပါတယ်။

Share on Social Media