ရေချိုးခန်းထဲမှာ တွေ့ရလေ့ရှိတဲ့ ပစ္စည်းလေးတွေကို မျှဝေပေးချင်ပါတယ်။
Bathtub= ရေစိမ်ချိုးကန်ကိုခေါ်ခြင်းဖြစ်ပါတယ်။ Bathtub က American English ဖြစ်ပြီး British English မှာတော့ bath လို့ပဲခေါ်ပါတယ်။
Shower= ရေပန်းကိုပြောတာပဲဖြစ်ပါတယ်။
Wash Basin=ရေချိုုးခန်းထဲမှာထားတဲ့လက်ဆေးတဲ့ ဘေစင်ကို ခေါ်ခြင်းပဲ ဖြစ်တယ်။ ဟို တစ်ပတ်ကလေ့လာခဲ့တဲ့ kitchen မှာထားတဲ့ ပန်းကန်ဆေးတဲ့ ဘေစင်ကိုတော့ sink လို့ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘေစင်လို့ပဲ အလွယ်ခေါ်ကြပါတယ်။
Tap= ရေပို်က်ခေါင်း ကိုခေါ်တာပဲ ဖြစ်ပါတယ်။ American English မှာတော့ faucet လို့ခေါ်ပါတယ်။ faucet ရဲ့အသံထွက်ကိုတော့ အောက်ပါ link မှာလေ့လာနိုင်ပါတယ်။https://www.youtube.com/watch?v=fkD0kr-tBiQ
Toilet= ရေအိမ်ဖြစ်ပါတယ်။ water closet (WC) ဒါမှမဟုတ် a loo လို့လည်း အချို့သူတွေ ခေါ်ပါတယ်။ WC ကတော့ public toilet တွေမှာ အသုံးများပါတယ်။
Water Heater= ရေချိုးခန်းထဲက ရေပူ၊ ရေအေးစက် ကိုခေါ်ခြင်းဖြစ်ပါတယ်။
Soap Dish=ဆပ်ပြာခွက်ကိုပြောတာပဲဖြစ်ပါတယ်။
Hair Dryer =ဆံပင်အခြောက်ခံလေမှုတ်စက်ဖြစ်ပါတယ်။ Blow-dryer လို့လည်းခေါ်လို့ရပါတယ်။