MOU Signing Agreement between International House Yangon-Mandalay and Cambridge University Press and Assessment as Localized Printing Partner for the Empower Second Edition Coursebook

Event Date: 13/11/2024

International House Yangon-Mandalay နှင့် Cambridge University Press and Assessment တို့ အကြား Empower Second Edition Coursebook များကို Localized Printing Partner အဖြစ်သဘောတူညီမှုလက်မှတ်ရေးထိုးခြင်း ✍️✍️✍️

[English version below]

International House Yangon-Mandalay ၏ General English တွင် အသုံးပြုနေသော သင်ရိုးညွှန်းတမ်းဖြစ်သည့် Cambridge University Press and Assessment မူပိုင် Empower Second Edition Coursebook များကို IH Yangon-Mandalay ကျောင်းသား/သူ များအတွက် Localised printing အဖြစ် သီးသန့် ထုတ်ဝေပေး ရန် သဘောတူလက်မှတ်ရေးထိုးပွဲကို နိုဝင်ဘာလ (၁၃) ရက်နေ့ တွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် IH Yangon-Mandalay ၏ Co-Founder & Managing Director Daw May Mon Aung နှင့် Cambridge University Press and Assessment ၏ Learning and Assessment Consultant Ms. Kunlathida Salam တို့မှ အပြန်အလှန်သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင် Distributor အဖြစ်ဆောင်ရွက်မည့် Book@DK Myanmar မှ Managing Director, Daw Thanda Aung နှင့် IH Yangon-Mandalay ၏ Co-Founder & Academic Director Daw May Tharaphi Win တို့မှ ကျေးဇူးတင်စကားများ ပြောကြားပေးခဲ့ပြီး IH Yangon-Mandalay မှ ဒါရိုက်တာများ၊ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများအသီးသီးတို့လည်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

IH Yangon-Mandalay အနေဖြင့် ဂုဏ်သိက္ခာ အစဉ်အလာကြီးမားသည့် Cambridge University Press and Assessment နှင့် ယခုလိုလက်တွဲ ဆောင်ရွက်ခွင့်ရသည့်အတွက်အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ IH Yangon-Mandalay သည် Cambridge University Press and Assessment နှင့် Localized Printing ထုတ်ဝေခွင့် ရသည့် မြန်မာနိုင်ငံ၏ ပထမဆုံး ပညာရေး အဖွဲ့အစည်းဖြစ်ကြောင်းကိုလည်း ဝမ်းမြောက်ဂုဏ်ယူစွာ အသိပေးကြေညာအပ်ပါသည်။

Cambridge University Press ၏ ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု အရည်အသွေးမြင့် သင်ကြားမှုဆိုင်ရာ စာအုပ်များနှင့်အတူ IH Yangon-Mandalay သည် ကျောင်းသားများအတွက် အထူးအဆင့်မြင့် သင်ကြားမှုအတွေ့အကြုံများ ဖန်တီးပေးနိုင်ရန် ကြိုးစားဆောင်ရွက်သွားပါမည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံရှိ ကျောင်းသား/သူများအား ကမ္ဘာ့အဆင့်မီ ပညာရေး ပေးစွမ်းနိုင်မည့် လမ်းခရီးသစ်တစ်ခုလည်းပဲဖြစ်ပါသည်။
—————————-

MOU Signing Agreement between International House Yangon-Mandalay and Cambridge University Press and Assessment as Localized Printing Partner for the Empower Second Edition Coursebook ✍️✍️✍️

Signing agreement between International House Yangon-Mandalay (IH Yangon-Mandalay) and Cambridge University Press and Assessment was *proudly* held on 13th November, 2024. *This agreement is for the localized printing partnership for the Empower Second Edition coursebook, which is used in General English classes at IH Yangon-Mandalay, exclusively for the students at International House Yangon-Mandalay .

At the ceremony, the Co-Founder & Managing Director of IH Yangon-Mandalay, Daw May Mon Aung, and the Learning and Assessment Consultant from Cambridge University Press and Assessment, Ms. Kunlathida Salam, signed the agreement on behalf of their respective institutions. Daw Thanda Aung, Managing Director of Book@DK Myanmar, which will act as the distributor in Myanmar, and Daw May Tharaphi Win, Co-Founder & Academic Director of IH Yangon-Mandalay, gave speeches of appreciation. Directors, teachers, and staff members from IH Yangon-Mandalay also attended the event.

IH Yangon-Mandalay expressed its pride and honor in partnering with the esteemed Cambridge University Press and Assessment. IH Yangon-Mandalay is proud to be the first educational organization in Myanmar to be granted localized printing rights with Cambridge University Press and Assessment.

With access to the globally recognized, high-quality teaching materials of Cambridge University Press, IH Yangon-Mandalay aims to provide the students with an enhanced learning experience. This collaboration opens a new pathway for students in Myanmar to receive education that meets international standards.