International House Yangon–Mandalay မှ Young Learners သားသားမီးမီးများက Halloween Party ကိုပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြတဲ့ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်။ ♀️ Primary Level ကျောင်းသားများက Halloween Painting များရေးခြယ်ခြင်း၊ Halloween Dance ဖြင့် ပျော်ပျော်ရွှင်ရွှင် ကပြဖျော်ဖြေခဲ့ကြပြီး ♂️ Secondary Level ကျောင်းသားများကတော့ မိမိအကြိုက်ဆုံး Halloween Characters များဖြင့် Character Presentation နဲ့ Role Play များကို တင်ဆက်ပြသခဲ့ကြပါတယ်။ ဒါ့အပြင် ပျော်ရွှင်စရာ Halloween Themed Games များကိုလည်း အတူတကွ ဆော့ကစားကြပြီး IH Yangon–Mandalay ရဲ့ ပျော်ရွှင်လှတဲ့ atmosphere တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။
IH Yangon-Mandalay ရဲ့ Impromptu Talk Competition 2025 ကို ဩဂုတ်လ (၁၇) ရက်နေ့က Jasmine Palace Hotel မှာ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသားကျောင်းသူများနဲ့ မိဘ ဆွေမျိုးများ စုံစုံလင်လင်တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲမှာ ပြိုင်ပွဲဝင် (၁၀) ဦးက စိတ်ဝင်စားစရာ topics တွေကို တက်တက်ကြွကြွနဲ့ပြောဆိုသွားတာ တကယ့်ကိုစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။
International House Yangon-Mandalay ရဲ့ English for Young Learners Program မှ သားသားမီးမီးလေးများအတွက် Young Learners Summer Program အောင်မြင်စွာ ပြီးမြောက်ကြောင်း Certificate များပေးအပ်ပွဲ ဇွန်လ (၁) ရက်နေ့ တွင်ကျင်းပခဲ့ပါတယ်။ Summer Programme အတန်းများ အင်္ဂလိပ် ဘာသာစကား ကိုသာမက ဘက်စုံ ဖွံ့ဖြိုး တိုးတက်စေရန် အတွက် Spelling Bee ပြိုင်ပွဲ၊ Storytelling ပြိုင်ပွဲများကိုပါ ခမ်းနားစွာ ကျင်းပပေးပြီး သားသား၊ မီးမီးတို့ အတွေ့အကြုံအသစ်များ ရရှိစေဖို့ အတွက် ဆောင်ရွက်ခဲ့ပါတယ်။
International House ရဲ့ Summer Program မှ Young Learner သားသားမီးမီးလေးတွေရဲ့ စာလုံးပေါင်းစွမ်းရည် ၊ အသံထွက် နဲ့ ကိုယ်ပိုင်ယုံကြည်မှု တို့ကို တစ်ပြိုင်တည်း ပြသနိုင်ခဲ့တဲ့ အခမ်းအနားကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲအတွင်းက ပျော်ရွှင်စရာအခိုက်အတန့်တွေ၊ စိတ်လှုပ်ရှားစရာ moment လေးတွေကို မိဘများနှင့် ဧည့်သည်တော်များ ခံစားနိုင်ခဲ့သလို၊ သားသားမီးမီးလေးတွေကလည်း vocabulary အသစ်အသစ်တွေ သင်ယူနိုင်ခဲ့ပြီး၊ အသံထွက်နဲ့ စကားပြော self-confidence တို့ကို တိုးတက်အောင် ဖော်ဆောင်နိုင်ခဲ့ပါတယ်။
အင်္ဂလိပ်သင်ကြားမှုအပေါ် စိတ်ဝင်စားပြီး အနာဂတ်မှာ English Teacher ဖြစ်ချင်သူတွေအတွက် IH Yangon–Mandalay က Teacher Training Programme ကို 16-Aug-2025 ရက်နေ့မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီပွဲမှာဆိုရင် Teacher Training Programme ရှင်းလင်း မိတ်ဆက်ပေးခြင်း၊ Panel Discussion session တို့အပြင် ဆရာဆရာမတွေ အချင်းချင်းတွေ့ဆုံပြီး Networking ပြုလုပ်ခဲ့ကြပါတယ်။ ပွဲတက်ရောက်လာသော ဧည့်ပရိသတ်များမှ Quiz များကို ဖြေဆိုကာ လက်ဆောင်များကိုလည်း ပျော်ပျော်ပါးပါး ရယူခဲ့ကြပါတယ်။
100% Scholarship for IELTS Preparation Courses! -2025 IELTS စာမေးပွဲမှာ High Achievers များစွာမွေးထုတ်ပေးခဲ့တဲ့ IH Yangon-Mandalay IELTS Preparation Courses များကို ၁၀၀% သင်တန်းကြေး ကင်းလွတ်ခွင့် ရရှိမည့် အထူးစကော်လားရှစ်အစီအစဉ်