The SPACE Language Academy မှ ဆရာ၊ ဆရာမ များနှင့် ဝန်ထမ်းများ Team building trip အဖြစ် ချောင်းသာ သို့ သွားရောက်ခဲ့ပြီး team training များ, activities များ နှင့် games များ ကစားခဲ့ကြပါသည်။ The SPACE Language Academy မိသားစု အနေနှင့် အဖွဲ့အစည်းစိတ်ဓာတ် အပြည့်ဖြင့် ပိုမိုကောင်းမွန်သော အင်္ဂလိပ်ဘာသာစကား သင်ကြားရေး ဝန်ဆောင်မှုများ ပေးနိုင်ဖို့ အားသစ်လောင်းသည့် ခရီးစဉ် ချောမွေ့အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ပါသည်။
The SPACE Language Academy (Customer Service Department) မှ ဝန်ထမ်းများ၏ ဝန်ဆောင်မှု အရည်အသွေးများ ပို၍တိုးတက်လာစေရန် ရည်ရွယ်၍ Daw May Mon Aung ( Managing Director, Lingo ACE Ltd.) မှ " Sales and Customer Service Training " ပေးခဲ့ပါသည်။ ဝန်ထမ်း များမှလည်း တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် ပါဝင်ခဲ့ကြပါသည်။
Mingalar Mandalay Promotion Area မှာ ကျင်းပပြုလုပ်ခဲ့သော Mingalar Mandalay 9th Anniversary မှာ The SPACE က Gold Sponsor အနေနဲ့ပါဝင် ခဲ့ပြီး ပွဲတက်ရောက်သူများအား အအေး, ထမနဲ များ ကျွေးမွေးခဲ့ပါတယ်။ အခုလို Mingalar Mandalay ရဲ့ 9th Anniversary ပွဲမှာ Gold Sponsor အနေနဲ့ ပါဝင်ခွင့် ရတဲ့အတွက်လည်း The SPACE Language Academy မှ ဝမ်းသာဂုဏ်ယူပါတယ်ရှင်