Kitchen

Kitchen

မီးဖိုချောင်သုံး ပစ္စည်းလေးတွေမျှဝေပေးချင်ပါတယ်။

Microwave= မိုက်ခရိုဝေ့ မီးဖို ကိုခေါ်ခြင်းဖြစ်ပါတယ်။

microwave oven လို့လည်းခေါ်ပြီး မီးအပူနဲ့ မဟုတ်ဘဲ လျှပ်စစ်လှိုင်းတွေ သုံးပြီးချက်တဲ့ မီးဖိုကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။

Stove = လျှပ်စစ်မီးဖို (သို့) ဂတ်(စ်)မီးဖို ကိုခေါ်ခြင်းဖြစ်ပါတယ်။ လျှပ်စစ်မီးဖိုကို electric stove လို့ခေါ်ပြီး ဂတ်(စ)မီးဖို ကို gas stove လို့ခေါ်ပါတယ်။

Oven = ပုံမှာပြထားတဲ့ အတိုင်း box ပုံ မီးဖိုဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့ လျှပ်စစ်လှိုင်းနဲ့ချက်တဲ့ မီးဖိုကို microwave လို့ခေါ်ပြီး မီးအပူ နဲ့ချက်ပေး တဲ့ မီးဖိုကိုတော့ oven လို့ပဲခေါ်ပါတယ်။

Hot Plate = မီးအပူပြားပေါ်မှာ အိုးတင်ချက်ရတဲ့ မီးဖိုဖြစ်ပါတယ်။

Pan= ဒယ်အိုး ကိုခေါ်ခြင်းဖြစ်ပါတယ်။ စောက်နက်တဲ့ အိုးကို saucepan လို့ခေါ်ပြီး စောက်မနက်တဲ့ ဒယ်အိုးပြားကိုတော့ frying pan လို့ခေါ်ပါတယ်။

Mixer= မွှေစက်ဖြစ်ပါတယ်။ ကြက်ဥမွှေတဲ့အခါ၊ ကိတ်မုန့်ဖုပ်တဲ့အခါတွေမှာ အသုံးပြုလေ့ရှိကြပါတယ်။

Blender= ကြိတ်စက်ဖြစ်ပါတယ်။ အသီးဖျော်ရည်ဖျော်တဲ့ အခါမျိုး မှာအသုံးများလေ့ရှိပါတယ်။

Cooker= ထမင်းဟင်း ချက်တဲ့ အခါ မှာသုံးတဲ့ မီးဖို တွေအိုးတွေကို cooker လို့ခေါ်ပါတယ်။ eg. rice cooker, pressure cooker, gas      cooker.

Freezer= ရေခဲ မှတ်အောက်မှာ ပစ္စည်းတွေကြာရှည် သိုလှောင်လို့ ရတဲ့ ရေခဲသေတ္တာ ကိုတော့ freezer လို့ခေါ်ပါတယ်။ ရိုးရိုးရေခဲသေတ္တာ ရဲ့အသား၊ငါးတွေ သိမ်းတဲ့ အကန့်ကိုလည်း freezer လို့ပဲခေါ်ပါတယ်။

Fridge= ရေခဲသေတ္တာကိုခေါ်ခြင်းဖြစ်ပါတယ်။ refrigerator လို့လည်းခေါ်ပါတယ်။ fridge နဲ့ freezer တွဲပါတဲ့ ရေခဲသေတ္တာ ကိုတော့ British English မှာ fridge-freezer လို့ခေါ်ပါတယ်။

Pot = ဟင်းချက်ရာမှာသုံးတဲ့အိုးကိုခေါ်ခြင်းဖြစ်ပါတယ်။

Shelf = စင်ကိုခေါ်ခြင်းဖြစ်ပါတယ်။ kitchen မှာထားတာဖြစ်တဲ့အတွက် kitchen shelf လို့လည်းခေါ်လို့ရပါတယ်။

Cutting Board= စဉ်းနှီးတုံး ဖြစ်ပါတယ်။ သစ်သားပဲဖြစ်ဖြစ် ပလပ်စတစ်ပဲ ဖြစ်ဖြစ် cutting board ပဲ ခေါ်ပါတယ်။

Grinder =အမှုန့် ကြိတ်စက်၊ အသားကြိတ်စက်ဖြစ်ပါတယ်။

Sink = ပန်းကန်ဆေးတဲ့ ဘေစင်ကိုခေါ်ခြင်းဖြစ်ပါတယ်။ kitchen မှာထားတဲ့ အတွက် kitchen sink လို့လည်းခေါ်ပါတယ်။

Dishcloth = ပန်းကန်အခြောက်သုတ်ရာမှာ သုံးတဲ့ အဝတ်ဖြစ်ပါတယ်။

Share on Social Media