Pants

ပြီးခဲ့တဲ့အခေါက်က စကပ်တွေကို ပြောထားတော့ ဒီတစ်ခါ ဘောင်းဘီအခေါ်အဝေါ်တွေကို ပြောပေးချင်ပါတယ်။

(၁) Jeans = ဂျင်းဘောင်းဘီ မှန်သမျှကို jeans လိုခေါ်ပါတယ်။ ပုံထဲကလို အပြဲလေးတွေ ပါတဲ့ Jeans တွေကို ripped jeans လို့ ခေါ်ပါတယ်။

(၂) Chinos = ချည်သားဘောင်းဘီရှည်ကို ပြောခြင်းဖြစ်ပါတယ်။

(၃) Leggings = အမျိုးသမီးဝတ် အသားကပ် ဘောင်းဘီ ကိုပြောချင်းဖြစ်ပါတယ်။

(၄) Culottes = မြန်မာလိုဆိုရင်တော့ စကပ်ဘောင်းဘီ ကို ပြောခြင်းဖြစ်ပါတယ်။

(၅) Sweatpants = အားကစားဘောင်းဘီရှည် အပွကို ပြောခြင်းဖြစ်ပါတယ်။ American English မှာတော့ sweats လို့လည်း ခေါ်လို့ရပါတယ်။ အခုနောက်ပိုင်းတော့ sweats တွေကို အားကစားလုပ်ရုံတင်မဟုတ်ဘဲ ထသွားထလာ ပေါ့ပေါ့ပါးပါးလည်း ဝတ်ကြပါတယ်။

(၆) Bermudas = ဒူးအထက် ဘောင်းဘီတို တွေကို Bermudas လို့ ခေါ်ပါတယ်။ Bermuda shorts လို့လည်း ခေါ်လေ့ရှိပါတယ်။ ခြေသလုံးထိ ရှည်တဲ့ ဘောင်းဘီတိုမျိုးကိုတော့ Capri pants  လို့ ခေါ်ပါတယ်။

Share on Social Media