လုပ်ပေးနိုင်မလားလို့.. (I was wondering if… + past tense)

ဒီအသုံးလေးဟာလည်း အင်္ဂလိပ်စာမှာ တစ်ယောက်ယောက်ကို ကိုယ်က မေးခွန်းတစ်ခုမေးချင်တဲ့အခါ၊ သေချာခြင်းမရှိတဲ့အခါ၊ ဖြစ်နိုင်မလား၊ လုပ်ပေးနိုင်မလားဆိုတာတွေအတွက် သုံးပါတယ်။ လုပ်ငန်းခွင်သုံး အသုံးတစ်ခုဖြစ်ပါတယ်။ ဥပမာ ကိုယ်က အထက်လူကြီးကို ကိစ္စတစ်ခုအကြောင်းမေးတယ်ဆိုပါတော့၊ သူသိလားမသိလားက မသေချာဘူး၊ ဒါပေမဲ့ မေးကိုမေးရမယ်။ ဒါဆိုရင် ဒီအသုံးနဲ့ မေးနိုင်ပါတယ်။ I was wondering if…. ဆိုတဲ့ phrase အနောက်မှာ အတိတ်ကာလပြတဲ့ past tense ကို သုံးရပါတယ်။ အောက်က ဥပမာကိုကြည့်ပါ။

“Hi Michael, I found these documents in the copy room. I was wondering if they were yours.”

“မိုက်ကယ်လ်ရေ ကျွန်တော် ဒီစာရွက်စာတမ်းတွေကို မိတ္တူကူးတဲ့အခန်းထဲမှာတွေ့တယ်။ မင်းဟာတွေများလားဆိုပြီး ငါတွေးမိလို့”

ဒီဥပမာမှာ ဒီစာရွက်တွေဟာ သူ့ဟာတွေဟုတ်လားမဟုတ်လားဆိုတာက မသေချာပါဘူး။ အဲ့ဒါကြောင့် were ဆိုတာကို သုံးတာပါ။ မသေချာတဲ့အကြောင်းအရာတွေကို ပြောတော့မယ်ဆိုရင် အတိတ်ကာလ (past tense) ကိုသုံးရပါတယ်။ I was wondering မှာလည်း was wondering ဟာ past continuous tense ဖြစ်တယ်ဆိုတာကို သတိပြုပါ။ ငါတွေးနေခဲ့တာ၊ ငါထင်ထားတာ စသဖြင့် တိုက်ရိုက်ဘာသာပြန်ချင် ပြန်နိုင်ပါတယ်။ တိုက်ရိုက်ဘာသာမပြန်ဘဲ အဆင်ပြေမယ့်စကားနဲ့ဘာသာပြန်ရရင်တော့ “ဒီစာရွက်တွေ မင်းဟာတွေများလား ငါထင်လို့” ဆိုပြီး အဓိပ္ဗာယ်ရပါတယ်။

နောက် တယ်လီဖုန်းပြောတဲ့ဥပမာလေးတစ်ခု ထပ်ပေးပါမယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တစ်ယောက်က နေမကောင်းလို့ ခွင့်တိုင်သွားတယ်။ ရုံးက အခြားလူတစ်ယောက်ကို ဖုန်းဆက်ပြီး သူ့ကိုယ်စား မနက်ဖြန် အလုပ်ဆင်းပေးနိုင်မလားလို့ လှမ်းမေးမယ်။ ဒါဟာလည်း မသေချာတဲ့အရာတစ်ခုဖြစ်တဲ့အတွက် ဒီအသုံးကိုသုံးပါမယ်။

“Hello, Sam. How are you? I hope you are doing well. I’m fine, thanks. Hey, listen. Katy is not feeling well and she can’t make it in tomorrow. I was wondering if you could work tomorrow from 9am to 5pm.”

“ဟလို ဆမ်။ နေကောင်းလား။ မင်းနေကောင်းမယ်လို့ ငါမျှော်လင့်ပါတယ်။ ငါတော့ နေကောင်းတယ်။ ကျေးဇူးပါကွာ။ ဒီလို ဆမ်ရေ.. ခေတီ နေသိပ်မကောင်းဘူးကွာ။ သူ မနက်ဖြန် အလုပ်ဆင်းနိုင်မှာမဟုတ်ဘူး။ အဲ့ဒါ မနက်ဖြန်ကို မနက်၉နာရီကနေ ညနေ၅နာရီအထိ မင်းများ အလုပ်လုပ်ပေးနိုင်မလားလို့…. (ငါတွေးနေခဲ့တာ)”

ဒီဥပမာမှာလည်း သူအလုပ်ဆင်းပေးနိုင်ခြင်း မဆင်းပေးနိုင်ခြင်းဟာ မသေချာပါဘူး။ မသေချာတဲ့အရာတစ်ခုကို ကိုယ်က ဖြစ်နိုင်မလားဆိုပြီး မေးတဲ့ပုံစံဖြစ်ပါတယ်။ ဒါကြောင့် I was wondering if….. အနောက်မှာ could ဆိုတဲ့ past tense (အတိတ်ကာလ) ကို သုံးတာပါ။ Could ရဲ့  present tense က can ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ သူမျာကို အကူအညီတောင်းတာဖြစ်စေ၊ ခိုင်းစေတာဖြစ်စေ၊ မသေချာတဲ့ကိစ္စတစ်ခုကို မေးတာဖြစ်စေ ပရော်ဖက်ရှင်နယ်လ်ဆန်ဆန်၊ ယဉ်ယဉ်ကျေးကျေးနဲ့ နားဝင်ချိုအောင် အခြေခံအားဖြင့်တော့ မေးတတ်သွားပြီလို့ ယူဆပါတယ်။ ဒီအသုံးလေးတွေကို သတိထားပြီး သုံးကြည့်ပါ။ အကျင့်ပါအောင် ခဏခဏသုံးကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ နောက်သင်ခန်းစာတွေမှာလည်း ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ အသုံးလေးတွေလာမလဲဆိုတာ စောင့်မျှော်ပါဦး။

 

Craton Highways (brought to you by the SPACE Langage Academy)

 

Share on Social Media